မြန်မာစစ်အုပ်စုကို အကျိုးပြုနေသည့် ပြည်သူ့ဘဏ္ဍာငွေများ ဂျပန်အစိုးရ ရပ်တန့်ရမည်

မြန်မာစစ်အုပ်စုကို အကျိုးပြုနေသည့် ပြည်သူ့ဘဏ္ဍာငွေများ ဂျပန်အစိုးရ ရပ်တန့်ရမည်

開始日
2024年2月26日
現在の賛同数:11,235次の目標:15,000
声を届けよう

この署名で変えたいこと

မြန်မာစစ်အုပ်စုကို အကျိုးပြုနေသည့် ပြည်သူ့ဘဏ္ဍာငွေများ ထောက်ပံ့ပေးနေခြင်းကို ဂျပန်အစိုးရ ရပ်တန့်ရမည်

ဤတောင်းဆိုချက်ဟာ ဘာကြောင့်အရေးကြီးသလဲ

#NoMoreBusinessWithTheMyanmarJunta

日本語 English

မြန်မာစစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချခဲ့သည်။ ထိုအချိန်မှစ၍ စစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုး နွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုမြောက်သည့် ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန္ဒပြ ပြည်သူများအပေါ် တစ်လျှောက်လုံး ကျူးလွန်လာခဲ့သည်။ စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ များနှင့် အရပ်သားများ အပါအဝင် သတ်ဖြတ်ခဲ့သည့် လူအရေအတွက်သည် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ၄,၀၀၀ ကျော်ထိရှိလာခဲ့ပြီး ဆက်လက်မြင့်တက်လာနေသည်။ ကုလသမဂ္ဂ၏ခန့်မှန်းတွက်ဆချက်အရ လူပေါင်း ၂ သန်းကျော်မှာ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်အုပ်စု၏ အကြမ်းဖက် မှုများ မရပ်တန့်ပါက မြေစာပင်ပြည်သူနှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ပိုမိုတိုးလာ ရန်သာ ရှိနေသည်။

ဤအခြေအနေကို တတ်နိုင်သမျှ​ အမြန်ဆုံး အဆုံးသတ်ရန် ကမ္ဘာတစ်ဝန်းရှိပြည်သူများက ကြိုးစား အားထုတ်မှုများစွာ လုပ်ဆောင်လျက်ရှိပါသည်။ မိမိတို့ ဂျပန်နိုင်ငံမှ အဖွဲ့အစည်းများသည် အာဏာသိမ်းမှုဖြစ် စဥ်နောက်ပိုင်း #NoMoreBusinessWithTheMyanmarJunta ကမ်ပိန်းကို ဖော်ဆောင်ခဲ့သကဲ့သို့ သုံးနှစ်နီးပါး ကြာမြင့်သည့်တိုင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြပါသည်။ ယခင်ကလည်း ပြည်သူများစွာ ပူးပေါင်း ပါဝင်ခဲ့သည့် “ရက်စက်ကြမ်းကြုတ်မှုများ အဆုံးသတ်ရန် ဂျပန်က မြန်မာစစ်အုပ်စုအပေါ် ရန်ပုံငွေပေးနေ ခြင်းကို ရပ်တန့်ရမည်” နှင့် “ဂျပန်အစိုးရ တာဝန်သိသိဖြင့် မြန်မာနိုင်ငံရှိ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းနှင့် လမ်းခွဲရ မည်”ဟု ခေါင်းစဥ်တပ်ထားသော အွန်လိုင်းတောင်းဆိုချက် နှစ်စောင်ကို စီစဥ်ရေးသားပေးပို့ခဲ့ပြီး ဖြစ်သည်။

သို့သော် ဂျပန်အစိုးရသည် မြန်မာနိုင်ငံသို့ ပြည်သူ့ဘဏ္ဍာငွေထောက်ပံ့မှုရပ်ဆိုင်းခြင်း မရှိသေးပေ။

ဖွံ့ဖြိုးရေးဆိုင်ရာတရားဝင်အကူအညီ (ODA) နှင့် အခြားတရားဝင်စီးဝင်ငွေ (OOF) တို့အပြင် ဂျပန်အ စိုးရသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးအထောက်အပံ့နှင့် နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နေသည့် ဂျပန်ကုမ္ပဏီများအတွက် အကူအညီအဖြစ် ပြည်သူ့ဘဏ္ဍာငွေများကိုလည်း ထောက်ပံ့ပေးနေသည်။ ODA တွင် “နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း” နှင့် “အကူအညီကြီးများ” အပြင် “ချေးငွေအကူအညီ” တို့ ပါဝင် သည်။ ချေးငွေအကူအညီကို ဂျပန်အစိုးရထံ ပြန်လည်ပေးချေရပြီး ချေးငွေအကူအညီတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အပြင် “ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဘဏ္ဍာငွေ” လည်း ပါဝင်သည်။ အခြားတရားဝင်စီးဝင်ငွေ(OOF) တွင် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အေဂျင်စီတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဂျပန်ဘဏ်(JBIC)က ချပေးသော ချေးငွေနှင့် အစိုးရက ဘဏ္ဍာရေးထောက်ပံ့ပေးထားသည့် အခြေခံအဆောက် အအုံဆိုင်ရာကော်ပိုရေးရှင်းတစ်ခုဖြစ်သော ပို့ဆောင်ရေးနှင့်မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဂျပန်နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုကော်ပိုရေးရှင်း (JOIN) က ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသောငွေကြေးတို့ ပါဝင်သည်။ အဆိုပါ ပြဿ နာစီမံ ကိန်းများအကြောင်း အသေးစိတ်သိလိုပါက ကျေးဇူးပြုပြီး ဤစာမျက်နှာကို ကြည့်ပါ။

အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်းအထိပင် ဂျပန်အစိုးရမှ ပြည်သူ့ဘဏ္ဍာငွေများ ဆက်လက် ထောက်ပံ့ပေးနေခြင်းသည် ပြဿနာများစွာ ဖြစ်ပေါ်စေပါသည်။ နမူနာအချို့ကို အောက်တွင် ဖော်ပြလိုပါ သည်။

အချို့စီမံကိန်းများသည် မြန်မာစစ်အုပ်စုကို အကျိုးပြုနေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ် နေပါသည်။ စစ်အုပ်စုပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် ကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများမှရရှိသော အမြတ်ငွေများသည် စစ်အုပ်စုအတွက် ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် အထောက်အပံ့ဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောပြီး ဖြစ်ပါသည်။ Y Complex စီမံကိန်း ကဲ့သို့ အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများမှ ရရှိသော အမြတ်ငွေများမှာလည်း အလားတူဟုပင် ဆိုနိုင်သည်။ ထို့ အပြင် စစ်အုပ်စုက ၎င်းတို့၏ ပြည်တွင်းဘဏ္ဍာရေးအင်စတီကျူးရှင်းများအပေါ် ထိန်းချုပ်ထားမှုမှတစ်ဆင့် ODA များကို စီမံနိုင်မည်ကို စိုးရိမ်ရသည်။

ဂျပန်အစိုးရမှ စစ်အုပ်စုကို တိုက်ရိုက်အထောက်အကူပြုပေးနေသည်မှာ ထင်ရှားနေသည်။ ပြဿနာ မှာ ဘဏ္ဍာရေးဆိုင်ရာ အကူအညီကြီးများ ထောက်ပံ့နေမှုကို မရပ်တန့်ဘဲနေခြင်းသာမကဘဲ ယင်းကဲ့သို့သော အကူအညီများကို စစ်တပ်၏ ဝါဒဖြန့်ချိရေးတွင် အသုံးချ၍ရနိုင်နေခြင်းပင် ဖြစ်သည်။ ဥပမာအနေဖြင့် ပဲခူးမြစ် ကူးတံတားတည်ဆောက်ရေးလုပ်ငန်းသည် စစ်တပ်ပိုင်ကုမ္ပဏီတစ်ခုပါဝင်ပတ်သက်နေသည့် ODA စီမံကိန်း တစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စစ်တပ်ဝါဒဖြန့်ချိရေးသတင်းစာက စစ်အုပ်စုခေါင်းဆောင် မင်း အောင်လှိုင်မှ အဆိုပါတံတားအတွက် အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ပမာဏကြီးမားသော ယန်းချေးငွေများသည် စစ်အာဏာရှင်ဆိုးဒဏ်နှင့် စီးပွားရေးတုံ့ဆိုင်းနေမှုဒဏ် တို့ကို ခံစားနေရသော မြန်မာပြည်သူများအတွက် လာမည့်ဆယ်စုနှစ်များအတွင်း ဧရာမအကြွေးထု ဖြစ်လာ မည်ဖြစ်သည်။ ချေးငွေများအနက်အချို့မှာ မြန်မာပြည်သူများကို ဖိနှိပ်ညှဥ်းဆဲနေသည့် စစ်အုပ်စုကို အကျိုးပြု နေသည့်တိုင် အဆိုပါအကြွေးကို မြန်မာပြည်သူများကသာ အဓမ္မ ပြန်ဆပ်ရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာတစ်ဝန်းရှိ NGO များနှင့်အတူ မိမိတို့မှ ဂျပန်အစိုးရအား မြန်မာစစ် အုပ်စုကို အကျိုးပြုနေသည့် ODA နှင့် လူသိရှင်ကြားဘဏ္ဍာငွေထောက်ပံ့ထားသည့် စီမံကိန်းများကို ရပ်ဆိုင်း ပေးရန် တောင်းဆိုခဲ့သည်။

လူကြီးမင်းတို့လည်း မိမိတို့နှင့်အတူ ဤတောင်းဆိုချက်တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းလိုပါသည်။

ပထမဦးစွာ ဖြည့်စွက်သတင်းအချက်အလက်များ၊ လူကြီးမင်း၏ လက်မှတ်တို့နှင့်အတူ ဤတောင်းဆို ချက်ကို အာဏာသိမ်းရန်ကြိုးပမ်းမှု သုံးနှစ်ပြည့်သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တင်ပြသွား မည် ဖြစ်သည်။ အာဏာသိမ်းရန်ကြိုးပမ်းမှု ရက်ပေါင်း ၁,၂၀၀ ပြည့်သည့် မေလ ၁၆ ရက်နေ့တွင် ဒုတိယ မြောက် တောင်းဆိုလွှာကို တင်သွင်းမည်ဖြစ်သည်။ နောက်ဆုံးတောင်းဆိုလွှာကို ရှစ်လေးလုံး ဒီမိုကရေစီ လှုပ် ရှားမှုနှစ်ပတ်လည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ဂျပန်အစိုးရထံ​ တင်သွင်းသွားမည် ဖြစ်သည်။

 

ဤကမ်ပိန်းကို အဓိက ပံ့ပိုးသူများ - ayus:, Mekong Watch, FoE Japan,  နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗုဒ္ဓဘာသာဝင်စေတနာ့ဝန်ထမ်းများကွန်ရက်၊ ဂျပန် နိုင်ငံတကာ စေတနာ့ဝန်ထမ်းစင်တာ၊ ဂျပန်လက်နက်ကုန်သွယ်မှုတိုက်ဖျက်ရေးကွန်ရက်

မှတ်စု

ဖွံ့ဖြိုးရေးဆိုင်ရာတရားဝင်အကူအညီ (ODA) အကြောင်း

၂၀၂၀ ပြည့်နှစ်အထိ ဂျပန်အစိုးရသည် မြန်မာနိုင်ငံကို ငွေကြေးအကူအညီ စုစုပေါင်း ဂျပန်ယန်း ၃၅၆.၅၁၈ ဘီလျံ အပြင် နည်းပညာအကူအညီ စုစုပေါင်း ဂျပန်ယန်း ၁၀၉.၉၄ ဘီလျံ ကူညီပံ့ပိုးခဲ့ကာ၊ ချေးငွေအကူအညီ ဂျပန်ယန်း ၁,၃၇၈.၄၇ ကူညီရန် ကတိပြုထားသည် (ချေးငွေသဘောတူညီချက်ပါ ကိန်းဂဏန်းများအရ)။ မြန်မာနိုင်ငံအတွက် ODA ၏ ကြီးမားသောအစိတ်အပိုင်းသည် အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရေး ဖြစ် သည်။ စုစုပေါင်း ဂျပန်ယန်း ၇၃၉.၆ ဘီလျံ တန်ဖိုးရှိသည့် ငွေချေးစီမံကိန်းကို လက်ရှိအချိန်တွင် အကောင်အ ထည်ဖော်လျက်ရှိသည် (ချေးငွေသဘောတူစာချုပ်ပါ ကိန်းဂဏန်းများအရ)။ ယင်းငွေများသည် မြန်မာပြည်သူ များမှ ဂျပန်ကို ပြန်ဆပ်ရမည့် အကြွေးဖြစ်လာမည် ဖြစ်သည်။

 

အခြားတရားဝင်စီးဝင်ငွေ (OFF) အကြောင်း

ဂျပန်ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်ရှိ စစ်တပ်ပိုင် စစ်သမိုင်းပြတိုက်ဟောင်း နေရာတွင် အကြီးစားအိမ်ခြံမြေစီမံကိန်းဝင်းတစ်ခု ဆောက်လုပ်စီမံခြင်းလုပ်ငန်း ပါဝင်သည့် စစ်သမိုင်းပြတိုက် ပြန်လည်အဆင့်မြှင့်တင်ရေးစီမံကိန်း (များသောအားဖြင့် Y Complex စီမံကိန်းဟု လူသိများသည်)ကို အရောင်း မြှင့်တင်ခဲ့ကြသည်။ စီမံကိန်းအတွက် မြေငှားရမ်းခကို စစ်အုပ်စု၏ လက်နက်သစ်များ ဝယ်ယူစုံစမ်းရေးတွင် အဓိကကဏ္ဍမှ ဆောင်ရွက်နေသည့် စစ်ထောက်ချုပ်ရုံးထံသို့ ပေးချေရသည်။ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ကြီးဌာန လက်အောက်ရှိ ပို့ဆောင်ရေးနှင့်မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဂျပန်နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုကော်ပိုရေးရှင်း (JOIN) သည် ယင်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံနေပြီး ဂျပန်ပြည်သူ့ ပို့ကုန်ကြွေးထားစနစ်အေဂျင်စီတစ်ခုဖြစ်သည့် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ် (JBIC)က ယင်းစီမံကိန်းအတွက် ချေးငွေထုတ်ပေးထားသည်။

 

လက်ရှိတွင် အကောင်အထည်ဖော်နေသည့် ယန်းချေးငွေစီမံကိန်းများ

·       အရေးပေါ်ပြန်လည်ထူထောင်ရေးနှင့် မွမ်းမံပြင်ဆင်ရေး စီမံကိန်း အပိုင်း ၁

·       သီလဝါဧရိယာ အပိုင်း ၁ မှ ၃ အတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

·       အရှေ့အနောက်စီးပွားရေးစင်္ကြန်အဝေးပြေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းစီမံကိန်း (ပဲခူး-ကျိုက်ထို အဝေးပြေး လမ်းမသစ်)

·       ပဲခူးမြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်း 

·       ပဲခူးတိုင်းအနောက်ခြမ်းရှိ ဆည်ရေသောက်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

·       ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း အပိုင်း ၁ - ၂

·       ရန်ကုန်မြို့ မိလ္လာပြွန်စနစ် ဖွံ့ဖြိုးမှု စီမံကိန်း

·       ရန်ကုန်မြို့ပတ်ရထားလိုင်း မွမ်းမံပြင်ဆင်ရေးစီမံကိန်း 

·       ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း 

·       ရန်ကုန် ရေပေးဝေမှု အဆင့်မြှင့်တင်ရေး မဟာစီမံကိန်း အပိုင်း ၁- ၂

·       ရန်ကုန်မြို့တွင် ဓာတ်အားဖြန့်ဝေမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း အပိုင်း ၁

·       အိမ်ရာဘဏ္ဍာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

·       ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပြန်လည်ထူထောင်ရေးစီမံကိန်း

·       အမျိုးသား ဓာတ်အားထုတ်လွှတ်မှုကွန်ရက် ဖွံ့ဖြိုးမှု စီမံကိန်း အပိုင်း ၁ - ၂

·       ဒေသန္တရ အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်ရေးစီမံကိန်း

·       မြို့ကြီးများတွင် ဓာတ်အားဖြန့်ဝေမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း

·       အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အပိုင်း ၁ - ၃

·       ဆက်သွယ်ရေးကွန်ရက်များ အရေးပေါ် အဆင့်မြှင့်တင်မှု စီမံကိန်း

·       မြို့ပြဧရိယာ ဓာတ်အားဖြန့်ဝေမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း

·       အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

·       စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်း

·       စိုက်ပျိုးရေးဝင်ငွေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

·       ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုင်ရာ ဒေသန္တရဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အပိုင်း ၁ - ၂

 

声を届けよう
現在の賛同数:11,235次の目標:15,000
声を届けよう
このオンライン署名のQRコードです。スマートフォンなどの画面上で表示させるほか、ダウンロードしてチラシやポスターなどの印刷物に使うこともできます。QRコードをダウンロードする